ကုန်အမှတ်တံဆိပ်ပြောင်းလဲကြောင်း ကြေညာချက်

ဒိုင်အိချိမြန်မာသည် ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းနှင့်အတူ ကာစတမ်မာများကို အသက်အာမခံ အကာအကွယ်အပြင် ပိုမိုကောင်းမွန်သည့် ဘဝများကို ဖော်ဆောင်ပေးမည်။ ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် — ဒိုင်အိချိမြန်မာ သည် ယနေ့တွင် ကုန်အမှတ် တံဆိပ် အမှတ်အသား ပြောင်းလဲသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်လိုဂိုအသစ်ကို မိတ်ဆက်ခဲ့ပါသည်။ ဒိုင်အိချိမြန်မာသည် ဈေးကွက်အမှတ်တံဆိပ်အမည်အဖြစ် ဒိုင်အိချိမြန်မာ (Daiichi Life Myanmar) ကို အသုံးပြုမည်ဖြစ်ပြီး ၎င်း၏ ကုန်သွယ်မှုအမည်ကိုလည်း “Daiichi Life Insurance Myanmar Ltd.” အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ မတူညီသည့် အပြာရောင် (၄) ရောင်ဖြင့် ဖန်တီးထားသည့် ဒိုင်အိချိမြန်မာ၏ လိုဂိုအသစ်သည် အဆုံးအစမရှိ ကျယ်ပြန့်သည့် မိုးကုပ်စက်ဝိုင်းကို ကိုယ်စားပြုပြီး မတူကွဲပြားမှုကို ပေါင်းစပ်ပြီး အနာဂတ်အတွက် များပြားသည့် ဘဝအခွင့်အလမ်း များကို ကိုယ်စားပြုပါသည်။ ဒိုင်အိချိမြန်မာ၏ ယခုကုန်အမှတ်တံဆိပ်ပြောင်းလဲမှုသည် ကာစတမ်မာများနှင့်အတူ ပိုမိုကောင်းမွန်သည့်အနာဂတ်ဆီသို့ အတူတူရှေ့ဆက်သွားရန်နှင့် လူတိုင်းအတွက် အလားအလာကောင်းများကို ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ “Life Reimagined” concept ကို အခြေခံထားပါသည်။ <အမှတ်တံဆိပ်လိုဂိုအသစ်> ဒိုင်အိချိမြန်မာ ၏ CEO ဒေါ်ဇာခြည်တင်က “အစ်မတို့ရဲ့ ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်မှုဟာဆိုရင် ဒိုင်အိချိမြန်မာ အနေနဲ့ ကာစတမ်မာတွေကို အသက်အာမခံ အကာအကွယ်ပေးရုံသာမက အခွင့်အလမ်းအသစ်တွေကို မြင်တွေ့နိုင်အောင်၊ ယုံကြည်မှုရှိရှိနဲ့ သူတို့မျှော်လင့်ထားတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရန်နှင် စိတ်အေးချမ်းသာစွာ […]
Daiichi Life Group Diversity, Equity & Inclusion Statement

မတ်လ ၈၊ ၂၀၂၄
Daiichi Life Myanmar Launched its Bancassurance Partnership with KBZ Bank

မေလ ၁၈၊ ၂၀၂၃
Strategic Partnership between Myanmar Oriental Bank and Daiichi Life Myanmar

ဇူလိုင်လ ၂၂၊ ၂၀၂၂