Skip to main content

Daiichi Life

Wealth in Health

ကျွန်တော်တို့ Daiichi Life Myanmar မှ ပြီးခဲ့တဲ့နှစ်ဝက်တွင် အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ကြတဲ့ Business Partner များနဲ့ Financial Planner များကို ဂုဏ်ပြုသောအားဖြင့် “Wealth in Health” Event ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် Meliá Yangon Hotel ၌ ကျင်းပခဲ့ပါသည်။


နောက်နှစ်ဝက်အတွက် အောင်မြင်မှုပန်းတိုင်တွေကိုလည်း ပြောပြရင်းဖြင့် ကျွန်တော်တို့ Daiichi Life Myanmar ရဲ့ ပထမဆုံးအမှတ်သင်္ကေတဖြစ်လာတော့မယ့် “မောင်ကံထူး” ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ “မောင်ကံထူး” က ဇွဲလုံ့လရှိမှုနဲ့ ကံကောင်းမှုတွေရဲ့ သင်္ကေတဖြစ်တဲ့ ဂျပန်ရိုးရာ Daruma နဲ့ ကျွန်တော်တို့တွေအားလုံးသိကြတဲ့ ပစ်တိုင်းထောင်တို့ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ကျွန်တော်တို့ ဘဝရည်မှန်းချက်တွေဆီကို ရောက်ရှိစေဖို့အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုလည်းဖြစ်ပါသည်။